ချင်းပြည်နယ်အစိုးရအဖွဲ့၏ Chin State Business Institute (CSBI) တည်ထောင်ရာတွင် စီးပွားရေးပညာဆိုင်ရာ သင်တန်းများဖွင့်လှစ်ရန်အတွက် Strategy First Institute မှ ကူညီဖွင့်လှစ်ပေးရန်အတွက် နားလည်မှု စာချွန်လွှာရေးထိုးပွဲကို ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ (၂၄) ရက်နေ့တွင် ချင်းပြည်နယ် ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်၊ Strategy First Institute ၏ Principal ဆရာဦးအောင်ချစ်ခင်၊ ချင်း
ပြည်နယ် စည်ပင်သာယာရေး၊ လျှပ်စစ် နှင့် စက်မှုလက်မှုဝန်ကြီးဌာနဝန်ကြီး ဦးဆလိုင်းအိုက်ဇက်ခင် နှင့် အခြားပြည်နယ်ဝန်ကြီး များ တက်ရောက်၍သဘောတူလက်မှတ်ရေးထိုးခဲ့ပါသည်။
Chin State Business Institute (CSBI) တည်ထောင်ရခြင်း၏ ရည်ရွယ်ချက်များမှာ နိုင်ငံတော်အစိုးရမှ ချမှတ်ထားသော ရည်မှန်းချက် တစ်ခုဖြစ်သည့် နိုင်ငံနှင့်အဝန်းညီမျှစွာ ဖွံ့ဖြိုးတိုးတက် ရေးအ
တွက်တစ်ဖက် တစ်လမ်းမှ ကူညီနိုင်ရန်၊ ချင်းပြည်နယ်အတွင်းရှိ ပုဂ္ဂလိကလုပ်ငန်းများ၊ ပြည်နယ်တစ်ခုလုံး၏ ယှဉ်ပြိုင်နိုင်စွမ်း၊ စွန့်ဦးတီထွင်လုပ်ငန်းများ၊ အလုပ်အကိုင်အခွင့်အလမ်းများ၊ အသေးစားနှင့်
အလတ်စားလုပ်ငန်းများ၊ Eco-tourism လုပ်ငန်းများ ပိုမိုကြီးထွားဖွံ့ဖြိုးတိုးတက်စေရန် နှင့် ရေရှည်တည်တံ့နိုင်သော စီးပွားရေး ကျင့်စဉ်များကို မြှင့်တင်ရန်တို့ဖြစ်ပါသည်။
ယခုလို ပံ့ပိုးကူညီပေးမှုနဲ့ပတ်သက်ပြီး ဆရာဦးအောင်ချစ်ခင်မှ “ကျွန်တော်တို့ကို ပူးပေါင်း ကူညီဖို့ ကမ်းလှမ်းလာပါတယ်။ ကျွန်တော့် အနေနဲ့လည်း နိုင်ငံတော် ဖွံ့ဖြိုးတိုးတက် ရေးမှာ အရေးပါတဲ့ ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် လုပ်ငန်း ရှင်များ၊ လူ့စွှမ်းအား အရင်းအမြစ်များ ထွန်းကားလာ စေဖို့ကိုရည်ရွယ်ပြီး ကိုယ်ကျွမ်း ကျင်တဲ့၊ ကိုယ်တတ်နိုင်တဲ့ ဘက်ကနေပြီး ပါဝင်ကူညီလိုတာကြောင့် စိတ်ဝင်စားခဲ့ပါတယ်။ Chin State Business Institute အတွက်လိုအပ်တဲ့ ကနဦးမတည်ငွေနဲ့ လည်ပတ်ငွေများကို Strategy First Institute – Strategies for Myanmar Project မှ လှူဒါန်းသွားမှာ ဖြစ်ပါ
တယ်။ အခြား ပြည်နယ်နှင့် တိုင်းဒေသကြီး များမှာယခုလို အစီအစဉ်မျိုး အကောင်အထည်ဖော်ဆောင် ဖို့ရှိရင်လည်း ပါဝင်ကူညီဖို့ အစီအစဉ်ရှိပါတယ်” ဟုပြောကြားခဲ့ပါသည်။
သင်တန်းများကို ဖေဖေါ်ဝါရီလထဲတွင် စတင်သွားမည်ဖြစ်ပြီး သင်တန်းကြေး များကို (၃၈၀၀၀) ကျပ်သတ်မှတ်ထားကာ၊ (၃၅၀၀၀) ကျပ် ပညာသင်ဆုများ ပေးအပ်သွား မည်ဖြစ်သည့်အတွက် သင်
တန်းကြေးမှာ (၃၀၀၀) ကျပ်သာကျသင့်မည်ဖြစ်ပါသည်။ Strategy First Institute မှ ဆရာကြီး၊ ဆရာမကြီးများမှ သင်ကြားပေးသွားမည်ဖြစ်ကာ CSBI မှ ဒေသခံဆရာ၊ ဆရာမများ အတွက်ကိုလည်း
ဆရာဖြစ်သင်တန်းများ (TOT) စီစဉ်သင်ကြားဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။ ယခုအစပိုင်းတွင် Certificate in Business Management, Innovative Entrepreneurship နှင့် Travel and Tourism Management သင်တန်းများကို သင်ကြားပေးသွားမည် ဖြစ်ပါသည်။ သင်တန်းများကို ဟားခါး၊ မင်းတပ်၊ တီးတိန်နှင့် ပလပ်ဝ မြို့များတွင် အလှည့်ကျဖွင့်လှစ်သွားရန် စီစဉ်ထားပါသည်။ သင်
တန်းပြီးဆုံးကြောင်းအောင်လက်မှတ်များကို ချင်းပြည်နယ်အစိုးရ၊ Strategy First Institute နှင့် Chin State Business Institute တို့မှ ပူးပေါင်းချီးမြှင့် သွားမည် ဖြစ်ပါသည်။
#239, Pyay Road (near Myay Ni Gone City Mart), San Chaung Township, Yangon, Myanmar
#237, Corner of U Wizara Raod and Dhamazedi Road, San Chaung Township, Yangon, Myanmar
#575,Pyay Road, Helden, Kamayut Township, Yangon, Myanmar
Block 4, Unit 8, Mingalar Mandalay, 73 Road, Corner of Thazin and Ngu Shwe War Road, Mandalay, Myanmar
Kyaukkar Road (Near Ko Tin Hair Salon), Monywar, Mandalay
Email: [email protected]